kosokubus.com သုံးပြီးဂျပန်မှာ အဝေးပြေးကားလက်မှတ်ဝယ်မယ် – အပိုင်း၂ လက်မှတ်ဝယ်ခြင်း

高速バスドットコム ( kosokubus.com) မှာ ကားလက်မှတ်ဘယ်လိုသလဲဆိုတာ ဆက်လက် တင်ပြသွားမှာဖြစ်ပါတယ်။ ခရီးစဥ်နဲ့ ကားလိုင်းရှာဖွေနည်းကို ဒီမှာ ကြည့်လို့ရပါတယ်။
စီးမယ့်ကားကိုရွေးချယ်ပြီးလျှင် ထိုင်ခုံ၊ကားစီးမယ့်နေရာ(乗り場)၊ ငွေချေနည်းလမ်း(支払方法)စတာတွေကို ဆက်လက်ရွှေးချယ်ရမှာဖြစ်ပါတယ်။

  • ကားစီးမည့်နေရာ၊ ဆင်းမည့်နေရာ ရွေးချယ်ပေးပါ။
  • 人数指定人数指定စီးမည့်လူဦးရေကို ရွေးချယ်ပါ။ လူကြီး၊ ကလေး ဈေးကွာခြားမှုရှိပါတယ်။
  • ထိုင်ခုံရွေးရန် 座席指定するざせきしていする ကိုနှိပ်ပါ။
  • အပြာရောင်ပြထားတဲ့(選択可能) ထိုင်ခုံထဲကကြိုက်နှစ်သက်ရာကိုရွေးချယ်ပြီး指定ကိုနှိပ်ပါ။
  • ခုံရွေးပြီးလျှင် 次へကိုနှိပ်ပြီ CONFIRM လုပ်ပါမယ်။
  • ကိုယ်တိုင်စီးမှာလား/မစီးဘူးလား သတ်မှတ်ပေးပါ။
  • ထိုင်ခုံတစ်ခုထက် ပိုဝယ်ပါက အခြားသူတွေရဲ့ နာမည်တွေကို ထည့်သွင်းပေးရမှာဖြစ်ပါတယ်။
  • ငွေချေ စနစ်ကို ရွေးချယ်ပါ။
  • PayPay ကို အသုံးပြုပါက ၅မိနစ်အတွင်း ပေးချရမှာဖြစ်ပြီး အကောင့် ထဲမှာ ပိုက်ဆံလုံလောက်အောင် ထည့်သွင်းထားဖို့လိုပါတယ်။ မလုံလောက်ပါက ငွေချေမှု ရပ်တန့်သွားမှာဖြစ်ပါတယ်။
  • ဖြည့်သွင်းထားသောအချက်အလက်အားလုံးစိစဥ်ပြီးလျှင် 同意するလုပ်ပြီး 次へ進む ကိုနှိပ်ပါ။
  • နောက်ပိုင်းအဆင့်တွေအတွက် screenshot ရိုက်ထားတာမရှိတဲ့အတွက် စာဖြင့်သား ရေးသားဖော်ပြပါမယ်။
  • အကောင့် login လုပ်ရပါမယ်။ မရှိပါဘူး register လုပ်ပါ။ အသက်အာမခံကြေး ပေးသွင်း/မသွင်း မေးပါလိမ့်မယ်။
  • ဒီပို့စ်ကို ရေးချိန်မှာ တစ်ယောက် ယန်း၆၀၀ ကျသင့်ပါတယ်။
  • နောက်ဆုံးအဆင့်ဖြစ်တဲ့ ငွေပေးချမှုအောင်မြင်လျှင် 「予約受付確認書」လို့ email ရောက်လာပါလိမ့်မယ်။ လက်မှတ်အနေနဲ့ PDF တစ်စောင်ပါပါတယ်။ ကားစီးရင် ထိုPDF ပြဖို့ လိုပါမယ်။

ပြီးဆုံးပါပြီ။