အင်တာနက်မှ တဆင့် ဂျပန်ပြည်တွင်း အဝေးပြေးကားလက်မှတ်ဝယ်လို့ရတဲ့ 高速バスドットコム ( kosokubus.com) အသုံးပြုနည်းအကြမ်းဖျင်း Android App Screen Shotအသုံးပြုပြီး တင်ပြသွားမှာဖြစ်ပါတယ်။
ဝက်ဘ်ဆိုက် သို့ application သို့ဝင်ရောက်ခြင်း။
browser မှာ kosokubus.com ကိုဝင်ပါ။ သို့မဟုတ် playstore/appstore မှာ 高速バスドットコムလို့ရှာပြီး installလုပ်ပါ။
ခရီးစဥ်ရှာဖွေခြင်း
မိမိသွားလိုသည့် ခရီးစဥ်အတွက် လိုအပ်သော အချက်အလက်များကိုဖြည်ပါ

- 出発地選択 = စတင်ထွက်ခွာမည့်နေရာ
- 到着地選択 = ဆိုက်ရောက်မည့်နေရာ
- 今日、明日、明後日 = ခရီးသွားမည့်ရက် (ယနေ့၊ မနက်ဖြန်၊ သဘက်ခါ သို့မဟုတ် ပြက္ခဒိန်ပုံကို နှိပ်ပြီး ရက်ရွေးပါ)
- 時間帯 = နေ့ကား昼行便၊ ညကား夜業便 လိုအပ်လျှင်ရွေးချယ်ပါ
- 出発・到着時間を設定 = ကားထွက်ချိန်၊ ဆိုက်ရောက်ချိန် သတ်မှတ်လိုလျှင်ရွေးပါ
- こだわり案件を追加 = အခြားသောလိုအပ်ချက်များကို ဖြည့်ပါ( အောက်တွင်ဆက်လက်ဖော်ပြထားပါတယ်)

- シートタイプ = ထိုင်ခုံအမျိုးအစား ကြည့်ရန် ။
4列足元ゆったりဆိုတာက ခြေထောက်ဆန့်ရလွယ်ကူရန် ထိုင်ခုံတစ်ခုနဲ့တစ်ခု ရှေ့နောက်ကျယ်တာကိုပြောတာပါ။ - 到着地選択 = ဆိုက်ရောက်မည့်နေရာ
- 今日、明日、明後日 = ခရီးသွားမည့်ရက် (ယနေ့၊ မနက်ဖြန်၊ သဘက်ခါ သို့မဟုတ် ပြက္ခဒိန်ပုံကို နှိပ်ပြီး ရက်ရွေးပါ)
- 時間帯 = နေ့ကား昼行便၊ ညကား夜業便 လိုအပ်လျှင်ရွေးချယ်ပါ
- 出発・到着時間を設定 = ကားထွက်ချိန်၊ ဆိုက်ရောက်ချိန် သတ်မှတ်လိုလျှင်ရွေးပါ
- こだわり案件を追加 = အခြားသောလိုအပ်ချက်များကို ဖြည့်ပါ( အောက်တွင်ဆက်လက်ဖော်ပြထားပါတယ်)
- 設備・サービス = toilet, USB or AC 100V အားသွင်းပေါက်, ထိုင်ခုံရွေးချယ်လို့ရမရ စတဲ့ ဝန်ဆောင်မှုတွေပါမပါဖြစ်ပါတယ်
- 支払い方法 = ငွေပေးချမှု စနစ်ဖြစ်ပါတယ်။ credit card မရှိသေးတဲ့သူတွေက PayPay သို့မဟုတ် Convenience store မှတဆင့် ပေးချေလို့ရပါတယ်။
- 各種プラン = 女性安心(ဘေးကပ်ရပ်ခုံမှာ ထိုင်မည့်သူက မိမိနဲ့ လိင် အတူတူ။မိမိကမိန်းကလေးဆိုရင် ဘေးထိုင်ခုံ ခရီးသည်လည်းပဲ မိန်းကလေး ) 女性専用席(မိန်းကလေးခရီးသည်သီးသန့်) 学割(ကျောင်းသားလျော့ဈေး) 身体障がい者割引(ခန္ဓာကိုယ်မသန်စွန်းသူလျော့ဈေး)
ရွေးချယ်လို့ပြီးသွားလျှင် 追加する ကိုနှိပ်ပါ

ရှာဖွေလိုသည့် အချက်အလက်တွေဖြည့်ပြီးလျှင် 検索する ခလုပ်ကို နှိပ်ပါ။

検索するနှိပ်ပြီးလျှင် စီးလို့ရမယ့် ကားစာရင်းထွက်လာပါမယ်။ ပုံထဲမှာကတော့ Nagoya => Takaok ခရီးစဥ်၊ PayPay နဲ့ ငွေပေးချလို့ရမှာကို ရှာထားတာဖြစ်ပါတယ်။
発 = ကားစီးဖို့အတွက် ကားမှတ်တိုင် ဖြစ်ပြီး 降 = ဆင်းလို့ရတဲ့မှတ်တိုင်ဖြစ်ပါတယ်
သတ်မှတ်ထားသော ကားမှတ်တိုင်တွင်သာ ရပ်ပေးမှာဖြစ်တဲ့အတွက်ကားမစီးမှီ ပစ္စည်း၊လုပ်စရာကိစ္စများ မေ့ကျန်မှုမရှိအောင် သတိထားစေလို့ပါတယ်။
မိမိအတွက်အဆင်ပြေမယ့်ကားတွေ့ပြီလျှင် 予約ခလုပ်နှိပ်ပြီး booking စတင်လုပ်ဆောင်လို့ရပါပြီ။
Booking လုပ်ခြင်းအတွက် ဆက်ရန်