kosokubus.com သုံးပြီးဂျပန်မှာ အဝေးပြေးကားလက်မှတ်ဝယ်မယ် – အပိုင်း၁ ကားရှာဖွေခြင်း

အင်တာနက်မှ တဆင့် ဂျပန်ပြည်တွင်း အဝေးပြေးကားလက်မှတ်ဝယ်လို့ရတဲ့ 高速バスドットコム ( kosokubus.com) အသုံးပြုနည်းအကြမ်းဖျင်း Android App Screen Shotအသုံးပြုပြီး တင်ပြသွားမှာဖြစ်ပါတယ်။

ဝက်ဘ်ဆိုက် သို့ application သို့ဝင်ရောက်ခြင်း။
browser မှာ kosokubus.com ကိုဝင်ပါ။ သို့မဟုတ် playstore/appstore မှာ 高速こうそくバスドットコムလို့ရှာပြီး installလုပ်ပါ။

ခရီးစဥ်ရှာဖွေခြင်း
မိမိသွားလိုသည့် ခရီးစဥ်အတွက် လိုအပ်သော အချက်အလက်များကိုဖြည်ပါ

  • 出発しゅっぱつ地選択ちせんたく = စတင်ထွက်ခွာမည့်နေရာ
  • 到着とうちゃく地選択ちせんたく = ဆိုက်ရောက်မည့်နေရာ
  • 今日、明日、明後日 = ခရီးသွားမည့်ရက် (ယနေ့၊ မနက်ဖြန်၊ သဘက်ခါ သို့မဟုတ် ပြက္ခဒိန်ပုံကို နှိပ်ပြီး ရက်ရွေးပါ)
  • 時間帯じかんたい = နေ့ကား昼行便၊ ညကား夜業便 လိုအပ်လျှင်ရွေးချယ်ပါ
  • 出発・到着時間を設定 = ကားထွက်ချိန်၊ ဆိုက်ရောက်ချိန် သတ်မှတ်လိုလျှင်ရွေးပါ
  • こだわり案件を追加 = အခြားသောလိုအပ်ချက်များကို ဖြည့်ပါ( အောက်တွင်ဆက်လက်ဖော်ပြထားပါတယ်)
こだわり案件を追加
  • シートタイプ = ထိုင်ခုံအမျိုးအစား ကြည့်ရန် ။
    4列足元ゆったりဆိုတာက ခြေထောက်ဆန့်ရလွယ်ကူရန် ထိုင်ခုံတစ်ခုနဲ့တစ်ခု ရှေ့နောက်ကျယ်တာကိုပြောတာပါ။
  • 到着とうちゃく地選択ちせんたく = ဆိုက်ရောက်မည့်နေရာ
  • 今日、明日、明後日 = ခရီးသွားမည့်ရက် (ယနေ့၊ မနက်ဖြန်၊ သဘက်ခါ သို့မဟုတ် ပြက္ခဒိန်ပုံကို နှိပ်ပြီး ရက်ရွေးပါ)
  • 時間帯じかんたい = နေ့ကား昼行便၊ ညကား夜業便 လိုအပ်လျှင်ရွေးချယ်ပါ
  • 出発・到着時間を設定 = ကားထွက်ချိန်၊ ဆိုက်ရောက်ချိန် သတ်မှတ်လိုလျှင်ရွေးပါ
  • こだわり案件を追加 = အခြားသောလိုအပ်ချက်များကို ဖြည့်ပါ( အောက်တွင်ဆက်လက်ဖော်ပြထားပါတယ်)
  • 設備・サービス = toilet, USB or AC 100V အားသွင်းပေါက်, ထိုင်ခုံရွေးချယ်လို့ရမရ စတဲ့ ဝန်ဆောင်မှုတွေပါမပါဖြစ်ပါတယ်
  • 支払い方法 = ငွေပေးချမှု စနစ်ဖြစ်ပါတယ်။ credit card မရှိသေးတဲ့သူတွေက PayPay သို့မဟုတ် Convenience store မှတဆင့် ပေးချေလို့ရပါတယ်။
  • 各種プラン = 女性安心(ဘေးကပ်ရပ်ခုံမှာ ထိုင်မည့်သူက မိမိနဲ့ လိင် အတူတူ။မိမိကမိန်းကလေးဆိုရင် ဘေးထိုင်ခုံ ခရီးသည်လည်းပဲ မိန်းကလေး ) 女性専用席(မိန်းကလေးခရီးသည်သီးသန့်) 学割(ကျောင်းသားလျော့ဈေး) 身体障がい者割引(ခန္ဓာကိုယ်မသန်စွန်းသူလျော့ဈေး)

ရွေးချယ်လို့ပြီးသွားလျှင် 追加する ကိုနှိပ်ပါ

ရှာဖွေလိုသည့် အချက်အလက်တွေဖြည့်ပြီးလျှင် 検索する ခလုပ်ကို နှိပ်ပါ။

検索するနှိပ်ပြီးလျှင် စီးလို့ရမယ့် ကားစာရင်းထွက်လာပါမယ်။ ပုံထဲမှာကတော့ Nagoya => Takaok ခရီးစဥ်၊ PayPay နဲ့ ငွေပေးချလို့ရမှာကို ရှာထားတာဖြစ်ပါတယ်။
発 = ကားစီးဖို့အတွက် ကားမှတ်တိုင် ဖြစ်ပြီး 降 = ဆင်းလို့ရတဲ့မှတ်တိုင်ဖြစ်ပါတယ်
သတ်မှတ်ထားသော ကားမှတ်တိုင်တွင်သာ ရပ်ပေးမှာဖြစ်တဲ့အတွက်ကားမစီးမှီ ပစ္စည်း၊လုပ်စရာကိစ္စများ မေ့ကျန်မှုမရှိအောင် သတိထားစေလို့ပါတယ်။

မိမိအတွက်အဆင်ပြေမယ့်ကားတွေ့ပြီလျှင် 予約ခလုပ်နှိပ်ပြီး booking စတင်လုပ်ဆောင်လို့ရပါပြီ။


Booking လုပ်ခြင်းအတွက် ဆက်ရန်