だらけ(~ချည်းပဲ)

ကိုယ်မလိုချင်တဲ့ အရာတွေနဲ့ ပြည့်နေတယ်၊ ဖြစ်နေတဲ့ အခြေအနေမျိုးမှာ သုံးပါတယ်။ ဥပမာ။ ။ သွေးတွေချည်းပဲ၊ အမှိုက်တွေချည်းပဲ။ ဝါကျပုံစံ(၁)バグだらけのシステムです。Bugs(Errors)တွေနဲ့ပြည့်နေတဲ့Systemတစ်ခုပဲ။ ဝါကျပုံစံ(၂)この部屋はゴミだらけだ。ဒီအခန်းက အမှိုက်တွေချည်းပဲ။ ဝါကျဖွဲ့စည်းပုံနာမ်(၁)+ だらけ +の + နာမ်(၂)ゴミだらけの部屋。(အမှိုက်တွေနဲ့ပြည့်နေတဲ့အခန်း) နာမ်(၁)+は +နာမ်(၂) + だらけ +だ この部屋はゴミだらけだ。(ဒီအခန်းက အမှိုက်တွေချည်းပဲ)

だけで(~ယုံနဲ့)

တစ်ခုခုလုပ်/ဖြစ်ယုံနဲ့ ဆိုတဲ့အဓိပ္ပာယ်ရပါတယ်။ အင်္ဂလိပ်စကားလုံး just နဲ့ဆင်တူပါတယ်။ ဝါကျပုံစံ(၁)その歌を聴いているだけで、涙が出そうになる。အဲ့ဒီသီချင်းကို နားထောင်ယုံနဲ့ မျက်ရည်ကျမလိုဖြစ်လာတယ်။ ဝါကျပုံစံ(၂)彼女に会っただけで、恋に落ちた。သူမကို တွေ့လိုက်ယုံနဲ့ ချစ်မိသွားတယ်။ ဝါကျဖွဲ့စည်းပုံV+ている/た/る + だけで読む・読んだだけで(စာဖတ်ယုံနဲ့…)