だらけ(~ချည်းပဲ)

ကိုယ်မလိုချင်တဲ့ အရာတွေနဲ့ ပြည့်နေတယ်၊ ဖြစ်နေတဲ့ အခြေအနေမျိုးမှာ သုံးပါတယ်။ ဥပမာ။ ။ သွေးတွေချည်းပဲ၊ အမှိုက်တွေချည်းပဲ။ ဝါကျပုံစံ(၁)バグだらけのシステムです。Bugs(Errors)တွေနဲ့ပြည့်နေတဲ့Systemတစ်ခုပဲ။ ဝါကျပုံစံ(၂)この部屋はゴミだらけだ。ဒီအခန်းက အမှိုက်တွေချည်းပဲ။ ဝါကျဖွဲ့စည်းပုံနာမ်(၁)+ だらけ +の + နာမ်(၂)ゴミだらけの部屋。(အမှိုက်တွေနဲ့ပြည့်နေတဲ့အခန်း) နာမ်(၁)+は +နာမ်(၂) + だらけ +だ この部屋はゴミだらけだ。(ဒီအခန်းက အမှိုက်တွေချည်းပဲ)

だけで(~ယုံနဲ့)

တစ်ခုခုလုပ်/ဖြစ်ယုံနဲ့ ဆိုတဲ့အဓိပ္ပာယ်ရပါတယ်။ အင်္ဂလိပ်စကားလုံး just နဲ့ဆင်တူပါတယ်။ ဝါကျပုံစံ(၁)その歌を聴いているだけで、涙が出そうになる。အဲ့ဒီသီချင်းကို နားထောင်ယုံနဲ့ မျက်ရည်ကျမလိုဖြစ်လာတယ်။ ဝါကျပုံစံ(၂)彼女に会っただけで、恋に落ちた。သူမကို တွေ့လိုက်ယုံနဲ့ ချစ်မိသွားတယ်။ ဝါကျဖွဲ့စည်းပုံV+ている/た/る + だけで読む・読んだだけで(စာဖတ်ယုံနဲ့…)

だからと言って(အဲ့လိုဆိုပေမယ့်…)

ဝါကျနှစ်ခုကို ဆက်စပ်ပေးတဲ့စကားစုဖြစ်ပါတယ်။ အရှေ့ဝါကျက အကြောင်းအရာ ဖြစ်နိုင်ပေမယ့် ထိုအကြောင်းကိုမျှော်လင့်ထားတဲ့ရလဒ်က ဖြစ်လာမယ်လို့ မဆိုလိုနိုင်ဘူး။ ဝါကျပုံစံ(၁)彼が遅刻した。だからと言って、解雇かいこするわけにはいかない。သူကို့အလုပ်နောက်ကျတယ်ဆိုပြီးတော့ အလုပ်ဖြုတ်ပစ်ဖို့တော့မဖြစ်ဘူး။ ဝါကျပုံစံ(၂)お金持ちだからと言って、幸せとは限らない。ငွေချမ်းသာတဲ့သူဆိုပေမယ့် ပျော်ရွှင်တယ်လို့တော့သတ်မှတ်လို့မရဘူး။ ဝါကျဖွဲ့စည်းပုံဝါကျ-၁。だからと言って、ဝါကျ-၂(အငြင်းဝါကျ)။疲れている。だからと言って、諦めてはいけない。(ပင်ပန်းတယ်ဆိုပြီး လက်လျှော့လို့တော့မရဘူး)

だが(ဒါပေမယ့်)

အရှေ့အနောက် မတူညီတဲ့ ဝါကျ နှစ်ခုကို ဆက်စပ်ပေးတဲ့ စကားစုဖြစ်ပါတယ်။ ဝါကျပုံစံ(၁)彼は頭がいい。だが、努力しない。သူဟာ ဉာဏ်ကောင်းတယ်။ ဒါပေမယ့် မကြိုးစားဘူး။ ဝါကျပုံစံ(၂)このレストランの料理は美味しい。だが、値段が高い。ဒီစားသောက်ဆိုင်က အစားအစာတွေကအရသာကောင်းတယ်။ ဒါပေမယ့် ဈေးကြီးတယ်။ ဝါကျဖွဲ့စည်းပုံဝါကျ-၁(plaIn formနဲ့ဆုံး)。だが、ဝါကျ-၂(plain form နဲ့ဆုံး)お金が欲しいい。だが、1働きたくない。(ပိုက်ဆံလိုချင်တယ်။ ဒါပေမယ့် အလုပ်မလုပ်ချင်ဘူး