だらけ(~ချည်းပဲ)
ကိုယ်မလိုချင်တဲ့ အရာတွေနဲ့ ပြည့်နေတယ်၊ ဖြစ်နေတဲ့ အခြေအနေမျိုးမှာ သုံးပါတယ်။ ဥပမာ။ ။ သွေးတွေချည်းပဲ၊ အမှိုက်တွေချည်းပဲ။ ဝါကျပုံစံ(၁)バグだらけのシステムです。Bugs(Errors)တွေနဲ့ပြည့်နေတဲ့Systemတစ်ခုပဲ။ ဝါကျပုံစံ(၂)この部屋はゴミだらけだ。ဒီအခန်းက အမှိုက်တွေချည်းပဲ။ ဝါကျဖွဲ့စည်းပုံနာမ်(၁)+ だらけ +の + နာမ်(၂)ゴミだらけの部屋。(အမှိုက်တွေနဲ့ပြည့်နေတဲ့အခန်း) နာမ်(၁)+は +နာမ်(၂) + だらけ +だ この部屋はゴミだらけだ。(ဒီအခန်းက အမှိုက်တွေချည်းပဲ)