〜ばかりか〜(さえ)(~သာမက~လည်းပဲ)
နာမ်၂ခု သို့မဟုတ် ဝါကျ၂ခုကို ဆက်ပေးသော စကားဆက်ဖြစ်ပါတယ်။ ပထမတစ်ခုကို ပုံမှန်အတိုင်း မျှော်လင့်ထားပေမယ့် ဒုတိယ တစ်ခုက ပုံမှန်ဆိုမမျှော်လင့်ထားတဲ့အရာတစ်ခု ဖြစ်ပါတယ်။ ~not only ~ but also နဲ့ တူပါတယ်။ ဝါကျပုံစံ(၁)この町では観光客ばかりか地元の人々さえその美しい景色を楽しんでいる。ဒီမြို့မှာ ခရီးသွားတွေအသက်သက်မဟုတ်ပဲ ဒေသခံတွေလည်းပဲ အဲဒီအလှပဆုံး ရှုခင်းကို ပျော်ရွှင်ကြတယ်။ ဝါကျပုံစံ(၂)彼は日本語を話すばかりか、漢字さえ自分で書ける。သူက ဂျပန်စာကို ပြောနိုင်ရုံသာမက ကိုယ်တိုင်ကန်ဂျီကိုပါ ရေးနိုင်တယ်။ ဝါကျဖွဲ့စည်းပုံ(၁){V/Adj(i)} inf ばかりか{話す/話した}ばかりか(စကားပြော/ပြောခဲ့ရုံသာမက~){高い/高かった}ばかりか(မြင့်ရုံသာမက~) (၂)Adj(na)stem {な/だった} ばかりか{静かな/静かだった}ばかりか(တိတ်ဆိတ်ရုံသာမက~) (၃){N/Nだった} ばかりか{先生/先生だった}ばかりか(ဆရာ/ဆရာမ သာမက~)